ဖား​ဆောင်းမြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းရှင်းစေရေး ယာဉ်စည်းကမ်းလမ်းစည်းကမ်း စစ်ဆေးဆောင်ရွက်ခြင်းနှင့် လက်ကမ်းစာ​စောင်များဖြန့်​ဝေ

ဖား​ဆောင်း ဇွန် ၁၀

ကယားပြည်နယ်၊ ​​ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် ဒေသခံပြည်သူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း သိရှိလိုက်ဆောင်ရွက်ခြင်းဖြင့် မလိုလားအပ်သော ယာဉ်တိုက်မှုများ မဖြစ်ပွားစေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စစ်ဆေးဆောင်ရွက်ခြင်းနှင့် အသိပညာပေးလက်ကမ်းစာ​စောင် ဖြန့်​ဝေခြင်းတို့ကို ဇွန်လ ၈ ရက်နေ့က မြို့လယ်လမ်းဆုံ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးသက်မြင့်ဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးခင်​ဇော်ဦးနှင့်တပ်ဖွဲ့ဝင်များက မြို့တွင်းသွားလာနေသော မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ၊ ထော်လာဂျီများ၊ ​မော်တော်ယာဥ်များအား ယာဉ်စည်းကမ်း၊ လမ်းစဉ်းကမ်းလိုက်နာမှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့ပြီး မြို့တွင်းသို့မောင်းနှင်ပါက အရှိန်လျော့မောင်းနှင်ရန်၊ စည်းကမ်းဖောက်ဖျက် မောင်းနှင်မှုများကြောင့် သေဆုံးဒဏ်ရာရမှုဖြစ်စဉ်များ ဖြစ်ပွားခဲ့ကြောင်း၊ ယာဉ်တိုက်မှုဖြစ်ပွားရာတွင် အရေးယူဆောင်ရွက်သည့် ပြစ်မှုဆိုင်ဥပဒေပုဒ်မများနှင့် ပြစ်ဒဏ်များ၊ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ် မောင်းနှင်ရာတွင်ဆိုင်ကယ်ဦးထုပ်​ဆောင်းကြရန်နှင့် လိုက်နာဆောင်ရွက်ရမည့် အချက်များကိုအသိပညာပေး ပြောကြားခဲ့ကြောင်းနှင့် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာ​ပေး လက်ကမ်းစာ​စောင်ဖြန့်​ဝေခဲ့​ကြောင်းသိရသည်။

အလားတူ မြို့နယ်ကျန်းမာ​ရေးဦးစီးဌာနမှ သူနာပြု-၁ဆရာမ​ဒေါ်သက်သက်​ထွေးနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉​ရောဂါကြိုတင်ကာကွယ်ရေး အသိပညာ​ပေးလက်ကမ်းစာ​စောင်နှင့် နှာ​ခေါင်းစည်း (Mask) များအခမဲ့ဖြန့်​ဝေခဲ့​ကြောင်းသိရသည်။

နန်းသဲနု​အောင် (ဖား​ဆောင်း)