ကလေးဝမြို့တွင် ရွှေမုဋ္ဌောစေတီ​တော်၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

 ကလေးဝ ဇွန် ၁၀

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့အမှတ် (၃) ရပ်ကွက်ရှိ မြို့နယ်လုံးဆိုင်ရာ ရွှေမုဋ္ဌော စေတီတော်၏ ပတ်ဝန်းကျင်အား စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်း ကို ယနေ့ နံနက် ၇ နာရီက ပြုလုပ်ခဲ့သည်။

အဆိုပါ ရွှေမုဋ္ဌောစေတီတော်၏ ပတ်ဝန်းကျင်နေရာများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဇော်မိုးအောင်၏ ဦးဆောင်မှု ဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိအကြီးအကဲများ၊ ဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များက စုပေါင်း၍ သစ်ပင်ခြုံနွယ်များ အမှိုက်သရိုက် များကို အင်အား (၅၀) ခန့်​​​ ဖြင့် စု​ပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဦးသက်ဟန်စိုးကျော်