နောင်ချိုမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းသား/သမီးများအား ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်

နောင်ချို ဇွန် ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဝန်ထမ်းသားသမီးများအား ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစည်သူလင်းက စာရေးကိရိယာနှင့် ကျောင်းဝတ်စုံများ ထောက်ပံ့ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြား ခဲ့ပြီးနောက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်သည့် ကျောင်းသူ မဆုရည်နန္ဒာအား ဂုဏ်ပြုဆုငွေကျပ် (၁)သိန်း ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းကျော်၊ မြို့နယ်မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်ငြိမ်းလှလှအောင်နှင့် တာဝန်ရှိသူများက  အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၆ ဦး၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၇ဦး၊ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၂၄ဦး စုစုပေါင်း (၃၇)ဦးတို့အား ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ထွေးငယ်(ပြန်/ဆက်)