ပြင်ဦးလွင်မြို့၌ ၂၀၂၃  ခုနှစ် ၊ မိုးရာသီအကြို လေးယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ စတင်ကျင်းပ

ပြင်ဦးလွင် ဇွန် ၁၀

မန္တလေးတိုင်ဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီတို့ ပူးပေါင်းကျင်းပသော ၂၀၂၃  ခုနှစ်၊ မိုးရာသီအကြို လေးယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယနေ့နံနက် (၁၀) နာရီက  စတင်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးဝန်းအတွင်း၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင်အသင်းများ တက်ရောက် ကြသည်။

အဆိုပါ  ၂၀၂၃  ခုနှစ်၊ မိုးရာသီအကြို လေးယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင်အုပ်စု တစ်အုပ်စုလျှင်  ပြိုင်ပွဲဝင်အသင်း (၃) သင်းစီဖြင့် အုပ်စုရှစ်အုပ်စုပြိုင်ပွဲဝင်အသင်းပေါင်း (၂၄)သင်း ပါဝင်ယှဉ်ပြိုင် ကစားကြမည်ဖြစ်ပြီး ပြိုင်ပွဲများကို (၁၀-၆-၂၀၂၃) ရက်နေ့မှ (၁၂-၆-၂၀၂၃) ရက်နေ့အထိ  ကျင်းပမည် ဖြစ်သည်။

၂၀၂၃  ခုနှစ်၊ မိုးရာသီအကြို လေးယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဆုကြေးအားဖြင့် ပထမဆု သုံးသိန်း၊ ဒုတိယဆုနှစ်သိန်း၊ တတိယဆုတစ်သိန်းနှင့် နှစ်သိမ့်ဆု ငါးသောင်းကျပ်နှင့် အသင်းအလိုက် ဒိုင်းဆုနှင့် ဆုတံဆိပ်များကို  (၁၂-၆-၂၀၂၃) ရက်နေ့တွင် ချီးမြှင့်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ဖြူလူသစ် (ခရိုင် ၊ ပြန်/ဆက် )