သပိတ်ကျင်း ဇွန် ၁၃
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူများအား ၂၀၂၃ခုနှစ် မိုးစပါးစိုက်ပျိုးရန်အတွက် ယမန်နေ့နံနက် (၁၀) နာရီခွဲအချိန်ကဘဏ်ချေးငွေများ ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ချေးငွေများထုတ်ချေးရာတွင် သပိတ်ကျင်းမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာဦးစောလှိုင်ဦးက တောင်သူများအား ချေးငွေထုတ်ချေးခြင်းနှင့်ပတ်သက်၍ စည်းမျဉ်း၊ စည်းကမ်းပြောကြားခြင်း၊ ချေးငွေပြန်လည်ဆပ်ရမည့် အချိန်ကန့်သတ်ချက်၊ တောင် သူများအနေဖြင့် ချေးငွေပြန်လည်ဆပ်ရမည့် သတ်မှတ်ထားသည့်အချိန်ရောက်လျှင် မဆပ်သည့်တောင်သူများအား နောင်နှစ်တွင် ချေးငွေထုတ်ချေးမည်မဟုတ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
မြို့နယ်အတွင်း တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးရာတွင် ယခင်စိုက်ပျိုး စရိတ်ချေးငွေများ ပြန်လည်ပေးဆပ်ပြီးသူများကို ထုတ်ချေးပေးခြင်းဖြစ်ပြီး ယနေ့တွင် သပိတ် ကျင်းမြို့နယ်၊ ကျောက်လှည်းဘီးကျေးရွာမှ တောင်သူ (၇၇)ဦး၊အတွက်စပါး တစ်ဧကလျှင် ၁ သိန်းခွဲနှုန်း၊အခြားသီးနှံအတွက် တစ်ဧကလျှင်(၁)သိန်နှုန်း ဖြင့်စပါးစိုက်ဧက(၄၁)ဧက အခြား သီးနှံ(၃၃၄)ဧက စိုက်ဧကစုစုပေါင်း(၃၇၅)ဧကအတွက် ချေးငွေကျပ် (၃၉၅)သိန်းငါးသောင်းကို ထုတ်ချေးပေးခဲ့ပြီး မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု( ၅)အုပ်စုအားချေးငွေစုစုပေါင်း( ၈၅.၂၅)သန်း ထုတ်ချေးပေးခဲ့ပြီးဖြစ်ကြောင်းနှင့် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေကို ကျန်ရှိသည့်ကျေးရွာများကို ဆက်လက် ထုတ်ချေးပေးရန် စီစဉ်ထားရှိကြောင်းသပိတ်ကျင်းမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်မန်နေဂျာထံမှ သိရသည်။
စိုးနိုင်ဝင်း(ပြန်\ဆက်)