သာကေတ ဇွန် ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ စာပေမှဗဟုသုတများစွာရရှိစေရန်၊ စာအုပ်စာပေများကို လက်ဝယ်အရောက် အလွယ်တကူဖတ်ရှူလေ့လာနိုင်စေရန်နှင့် စာပေကိုပိုမိုမြတ်နိုးတန်ဖိုးထားတတ်စေရန် ရည်ရွယ်၍ ဗဟုသုတရရှိစေမည့် သုတ၊ ရသစာအုပ်၊ စာစောင်များအား ကျောင်းသား၊ ကျောင်းသူများလက်ဝယ်အရောက်ငှားရမ်းပေးခြင်း၊ စာဖတ်ခြင်းအကျိုး အသိပညာပေးဟောပြောခြင်း၊ မူးယစ်ဆေးဝါး အန္တရာယ်အသိပညာပေး နံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး နံရံကပ်စာစောင်၊ လူကုန်ကူးမှုပပျောက်ရေးအသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သာကေတမြို့နယ်ရုံးမှဝန်ထမ်းများက ယနေ့နံနက်(၁၀)နာရီအချိန်က သာကေတမြို့နယ်အမှတ်(၂)အခြေခံပညာအလယ်တန်း ကျောင်း၌ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သာကေတမြို့နယ်ရုံးမှဒုတိယဦးစီးမှူးဒေါ်မို့မို့သူက စာဖတ်ခြင်းအကျိုးကျေးဇူးအကြောင်း အသိပညာပေးဟောပြောခြင်း၊ ကျောင်းသား၊ ကျောင်းသူများအား စာအုပ်၊ စာပေများဖတ်ရှုစေခြင်း၊ ဖတ်ရှုပြီးသည့်များကို ပြန်လည်မေးမြန်းခြင်း၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာရေးနံရံကပ်စာစောင်၊ လူကုန်ကူးမှုအသိပညာပေးနံရံကပ်စာစောင်များကို ကြည့်ရှုခြင်းများကို ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ပေးခြင်းကို သာကေတမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ဌာနဆိုင်ရာရုံးများသို့ အလှည့်ကျသွားရောက်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
မို့မို့သူ(ပြန်/ဆက်)