နတ်တလင်း ဇွန် ၁၃
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ နတ်တလင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ် တင်ဒါရ လုပ်ငန်းများနှင့်စပ်လျဉ်း၍ ချပြရှင်းလင်းခြင်းကို ယနေ့နံနက် ၁၀နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ နတ်တလင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးမှ အဖွင့်အမှာစကားပြောကြားပြီး နတ်တလင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဌေးလွင်စိုးမှ တင်ဒါလုပ်ငန်းများနှင့်ပက်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် နတ်တလင်းခရိုင်အတွင်း မြို့နယ်(၄)မြို့နယ်ရှိ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးများနှင့် တင်ဒါရကုမ္ပဏီများမှ လုပ်ဆောင်ရမည့် လုပ်ငန်းများနှင့်ပက်သက်၍ မိတ်ဆက်ရှင်းလင်းခဲ့ပြီး နတ်တလင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဌေးလွင်စိုးမှ လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်းခဲ့ကြောင်း သိရသည်။
ဝေယံဖြိုး(ပြန်/ ဆက်)