ထားဝယ် ဇွန် ၁၄
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့က ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့် ပရဟိတဂေဟာကျောင်းများတွင် လိုအပ်လျက်ရှိသော လှူဖွယ်ပစ္စည်းများကို ထောက်ပံ့ပေးအပ် လှူဒါန်းလျက်ရှိရာ ယနေ့မွန်းလွဲပိုင်းတွင် ထားဝယ်မြို့ပေါ်ရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ ထားဝယ်ပညာရေးဒီဂရီကောလိပ်၊ သူနာပြု သင်တန်းကျောင်း၊ မိဘမဲ့ပရဟိတဂေဟာကျောင်းများ၊ ခရစ်ယာန်ကျောင်းများသို့ ဆန်အိတ်များ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ဆရာတော်များထံမှ ဩဝါဒစကားနာယူပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆရာတော်များ၏ ကျန်းမာရေးအခြေအနေ၊ ကျောင်းအိပ်ကျောင်းစားပညာသင်ယူနေကြသည့် ကျောင်းသား/ကျောင်းသူများ၏ နေထိုင်စားသောက်ရေး ပညာသင်ကြားရေးအခြေအနေများအား မေးမြန်းလျှောက်ထားသည်။
ထိုနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့က ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ ထားဝယ်ပညာရေး ဒီဂရီကောလိပ်၊ သူနာပြုသင်တန်းကျောင်း၊ မိဘမဲ့ ပရဟိတ ဂေဟာကျောင်းများ၊ ခရစ်ယာန်ကျောင်းများသို့ စုစုပေါင်း ဆန်အိတ်(၂၅၀) အိတ်တို့ကိုထောက်ပံ့လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)