ဟင်္သာတမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်တိုက်ဖျက်ရေးနေ့အကြို အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ ကျင်းပ

​ဟင်္သာတ ဇွန် ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ​ဟင်္သာတခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် တိုက်ဖျက်ရေးနေ့အကြို အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာ​စောင်ပြပွဲကို ယနေ့ မွန်းလွဲ (၁)နာရီအချိန်က အ.မ.က (၂၉)ကျောင်းတွင် ကျင်းပ ပြုလုပ်ခဲ့ သည်။

ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးမာက အသိပညာပေးဟောပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက် များနှင့် မူးယစ်​ဆေး အမျိုးအစားများ၊ မူးယစ်​ဆေးသုံးစွဲရခြင်း အ​ကြောင်းအရင်း၊ ​ကျောင်းသားလူငယ်များ သိရှိ လိုက်နာသင့်သည့် အချက်အချက်များ၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဆုံးရှုံးပျက်စီးခြင်း၊ မူးယစ်​ဆေးဝါးနှင့် ပတ်သက်သည့် သိရှိလိုက်နာရမည့် အချက်များကို အကျယ်တဝင့် ရှင်းလင်း ဟောပြောကြ သည်။ ထို့​နောက် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန (ရုံးချုပ်)မှ ထုတ်ဝေသည့် မှုးယစ်ဆေးဝါးအကြောင်း သိကောင်းစရာ အသိပညာပေး လက်ကမ်း စာစောင်များကို ဖြန့်ဝေခဲ့ကြသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်​ထောက်ညွှန်ကြား​ရေးမှူးနှင့် ဝန်ထမ်းများ၊ ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ပြသထားသော မှုးယစ်ဆေးဝါးအကြောင်း သိကောင်းစရာများ အသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာ ခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)