ဇေယျာသီရိ ဇွန် ၁၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်ခန်းမတွင် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများကို သိရှိလိုက်နာနိုင်စေရန် အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် "နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နွယ်နွယ်အောင်က မိမိရုံးရှိဝန်ထမ်းများ စာဖတ်စွမ်းရည်မြင့်မားလာစေရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ ရုံးလုပ်ငန်းများကိုသိရှိနားလည်ပြီး ရည်မှန်းချက်တာဝန်များကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်နှင့် မိမိရုံးရှိဝန်ထမ်းများ နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများကို သိရှိလိုက်နာနိုင်စေရန်ရည်ရွယ်၍ စာဖတ်ဝိုင်း ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများအကြောင်း ကိုသိရှိစေရန် ဦးဆောင်ဆွေးနွေးခဲ့ပြီး မြို့နယ်ရုံးဝန်ထမ်းများက အခန်း ၁၃ ပါ ခွင့်ကာလ၊ ကူးပြောင်းချိန်ကာလနှင့် ရုံးပိတ်ရက်များဆက်စပ်ခံစားခွင့်ပြုခြင်း၊ အခန်း ၁၄ ပါ ဝန်ထမ်းစည်းကမ်း ထိန်းသိမ်းရေးဆိုင်ရာအခြေခံမူများ၊ အခန်း ၁၅ ပါ ဝန်ထမ်းစည်းကမ်းဆိုင်ရာပြစ်မှုများ အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)