ကော့ကရိတ် ဇွန် ၁၃
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် မြို့တွင်းသန့်ရှင်းသာယာလှပစေရေး၊ မိုးတွင်းကာလမြို့တွင်း ရေစီးရေလာကောင်းမွန်ရေးအတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် အမှတ်(၃)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ ဝဲယာအုတ်စီရေမြောင်းခင်းခြင်း လုပ်ငန်းကို မေလတတိယပတ်မှစတင်၍ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
အဆိုပါ ရေစီးရေလာကောင်းမွန်ရေးအတွက် အုတ်စီရေမြောင်းပြုလုပ်ခြင်းကို စည်ပင်သာယာရေး အဖွဲ့၊ တာဝန်ခံအင်ဂျင်နီယာစီမံခန့်ခွဲမှုအနီးကပ်ကြီးကြပ်မှုဖြင့် ဆောင်ရွက်လျက်ရှိပြီး ဝဲယာအရှည် (၂၀၀၀) ပေ၊ အကျယ် (၂)ပေနှင့် ထုထည်အမြင့် ၂ ပေ ၆ လက်မဖြစ်ပြီး ခွင့်ပြုရန်ပုံငွေကျပ် (၅၁. ၇) သန်းဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ဇွန်လအတွင်း အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရှိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)