ချောင်းသာ ဇွန် ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ယနေ့မွန်းလွဲ ၂ နာရီ အချိန်က သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ရပ်ကွက်များ အတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းသို့ ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့များနှင့် မြို့မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းတို့ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များဖြစ်သည့် အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်နှင့် အမှတ်(၃)ရပ်ကွက်များရှိ လူနေအိမ်များ၊ သာသနိက အဆောက်အဦများတွင် ခြင်နှင့် ပိုးလောက်လန်းများ အလွယ်တကူ ပေါက်ပွားနိုင်သည့် ရေစည်၊ ရေပုံးများ၊ ရေတွင်း၊ ရေကန်များ၊ ရေမြောင်းများတွင် အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်ပြုလုပ်ခြင်း၊ ပတ်ဝန်းကျင်သန့်ရှင်း သာယာလှပရေးအတွက် ခြုံနွယ်ပိတ်ပေါင်းများရှင်းလင်းခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကျော်ကျော် (ပြန်/ဆက်)