ရခိုင်ပြည်နယ် မောင်တောမြို့တွင် ပြန်လည်ထူထောင်ရေးအတွက် ရောက်‌ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေ တာဝန်ရှိသူများနှင့်အတူ မုန်တိုင်းဘေးကြောင့် ပျက်စီးခဲ့သည့် သာသနိက အ‌ဆောက်အဦများ၊ ဘုန်းတော်ကြီးကျောင်းများအတွက် ထောက်ပံ့ပစ္စည်းများလှူဒါန်း

မောင်တော ဇွန် ၁၄

ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် ပြန်လည်ထူထောင်ရေးအတွက် ရောက်‌ရှိနေသော ဗိုလ်မှူးချုပ်တင်ဆွေသည် တာ၀န်ရှိသူများနှင့်အတူ မုန်တိုင်းဘေးကြောင့် ပျက်စီးခဲ့သည့် သာသနိကအ‌ဆောက်အဦများနှင့် ဘုန်းတော်ကြီးကျောင်းများအတွက် ထောက်ပံ့ပစ္စည်းများ လှူဒါန်းခြင်းကို ယမန်နေ့နေ့လယ်ပိုင်းက မြေပြင်ကွင်းဆင်း လိုက်လံ‌ထောက်ပံ့ လှူဒါန်း‌ပေးအပ်ခဲ့ကြသည်။

အဆိုပါ ပြန်လည်ထူထောင်ရေးအတွက် ရောက်‌ရှိနေသော ဗိုလ်မှူးချုပ် တင်‌ဆွေ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့် တာ၀န်ရှိသူများသည် မောင်တောမြို့နယ်အတွင်း မုန်တိုင်းဘေးကြောင့် လေဘေးသင့်ပြီး ပျက်စီးခဲ့သည့် သာသနိကအဆောက်အဦများနှင့် ဘုန်းတော်ကြီးများဖြစ်သော သုံးမိုင်ပရဟိတကျောင်း၊ သန္တိသုခကျောင်း၊ ကျောက်ပန္ဒူကျေးရွာ၊ အင်းဒင်ကျေးရွာ၊ ပဲရုံကျေးရွာ၊ အောင်သုခကျေးရွာများရှိ ဘုန်းကြီးကျောင်းများသို့ သွားရောက်ပြီး ကျောင်းထိုင်ဆရာတော်များအား ဖူးမြော်ကြည်ညိုကာ န၀ကမ္မအလှူငွေများ၊ ဆန်၊ ဆီ၊ ခေါက်ဆွဲ၊ အချိုရည်တို့အား ဆက်ကပ်လှူဒါန်းပြီး ပျက်စီးခဲ့သော သာသနိက အဆောက်အဦများနှင့် ဘုန်းတော်ကြီးကျောင်းများ ဆောက်လုပ်နိုင်ရေးအတွက် သွပ်နှင့် သစ်များအား ကျောင်းထိုင်ဆရာတော်များ ထံသို့ တာ၀န်ရှိသူများက အသီးသီးထောက်ပံ့လှူဒါန်းခဲ့ကြသည်။ မုန်တိုင်းကြောင်း ပျက်စီးခဲ့သော သာသနိကအဆောက်အဦများနှင့် ဘုန်းတော်ကြီးကျောင်းများအတွက် ထောက်ပံ့ပေးအပ်ရာတွင် ၃ မိုင်ပရဟိတကျောင်း၊ သန္တိသုခကျောင်း၊ ကျောက်ပန္ဒူကျောင်း၊ အင်းဒင်ကျောင်း ၊ပဲရုံ ကျောင်း နှင့် အောင်သုခ ဘုန်းကြီးကျောင်းများအတွက် ထောက်ပံ့ငွေ ၁၀ သိန်း၊ သွပ် ၁၀၅၅ ချပ် ၊ ခေါက်ဆွဲခြောက် ၂၁၆၀ ထုပ်၊ ဆီဘူး ၃၀ ဘူး၊ ဆန် ၁၀ အိတ်၊ သစ် ၁၁ ဒဿမ ၆၉၈ တန် တို့အား ထောက်ပံ့လှူဒါန်း ပေးခဲ့ပြီးဖြစ်ကြောင်းသိရသည်။

သက်လွင်စိုး၊ အောင်ကျော်စိန်