ရွှေဘိုခရိုင်ရုံး (Community Centre) ခန်းမတွင်ငလျင်​ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး (Talk Show) ဆောင်ရွက်

ရွှေဘို ဇွန် ၁၄

 စစ်ကိုင်းတိုင်း​ဒေသကြီး ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်ငလျင်​ဘေးအန္တရာယ်ဆိုင်ရာ အသိပညာ‌ပေး (Talk Show) ကို ယမန်နေ့ည​နေပိုင်း အချိန်က ဆောင်ရွက်ခဲ့​ကြောင်းသိရသည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လက်​ထောက်ညွှန်ကြား​ရေးမှူးဒေါ်​အေးမြမွန်က အသိပညာပေးဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး ​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဒေါ်​ချောစုက၊ ငလျင်​လှုပ်ခတ်ရသည့် အ​ကြောင်းအရင်းများ၊ ငလျင်​ဘေးအတွက်ကြိုတင်ပြင်ဆင်ရမည့် အချက်များ၊ ငလျင်လှုပ်နေစဥ်တွင်လိုက်နာ​ဆောင်ရွက်ရန်အချက်များနှင့် ရှောင်ရှားသင့်သည့် အချက်များငလျင်လှုပ်ပြီး နောက်ပိုင်းပြုလုပ်ရမည့် အချက်များ၊မြန်မာနိုင်ငံတွင် အင်အားအပြင်းထန်ဆုံးလှုပ်ခတ်ခဲ့သည့် ငလျင်များနှင့်ပျက်စီးထိခိုက်သေဆုံးမှုများစသည်တို့ကို အကျယ်တဝင့်ဆွေးနွေးပေးခဲ့ပြီးသဘာဝ​ဘေးအန္တရာယ်နှင့်ပတ်သက်ပြီးအ​ရေး​ပေါ်အကူအညီ​တောင်းခံမည်ဆိုပါက၊ လူမှုဝန်ထမ်းကယ်ဆယ်​ရေးနှင့် ပြန်လည်​နေရာချထား​ရေးဝန်ကြီးဌာန (၂၄) နာရီဖွင့်လှစ်ထားသည့် Hot Line ဖုန်းနံပါတ် ၀၆၇-၄၀၄၆၆၆၊၀၆၇-၄၀၄၇၇၇ကိုဆက်သွယ်​​တောင်းခံနိုင်ကြောင်း ​​ပြောကြားခဲ့သည်။

အဆိုပါဆောင်ရွက်ခြင်းများကို Online စနစ်ဖြင့် ပြည်သူများအသိပညာဗဟုသုတတိုးပွားစေရန် အသိပညာ‌ပေး ‌Talk Show အစီအစဉ်များကို ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ We love Shwe Bo Facebook Pageတွင်စဥ်ဆက်မပြတ် စီစဉ်တင်ဆက်​ပေးလျှက်ရှိကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်

​အေးမြင့်စန်း