မိုင်းဆတ်မြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်

မိုင်းဆတ် ဇွန် ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာရီက အထက(ခွဲ)(လ-၂)ကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန္ဒာရွှေက မြေငလျင်၊ မုန်တိုင်း၊ ရေကြီး၊ မိုးကြိုး၊ မြေပြို၊ လေပြင်းတိုက် စသည့် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ပါက ဆောင်ရွက်ရမည့်အချက်များ၊ ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများ၊ ပုန်းခိုရမည့် နည်းလမ်းများနှင့် အခြားသဘာဝဘေးဆိုင်ရာများကို အကျယ်တဝင့် အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများက သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ကျောင်းသား၊ ကျောင်းသူများ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြင့်မောင်(မိုင်းဆတ်)