ညောင်ဦးမြို့နယ် အောက်ညဉ့်ကျေးရွာ၌ တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားသည့် ကြက်ဟင်း ခါးစိုက်ခင်းများအောင်မြင်ဖြစ်ထွန်းပြီး တစ်ပိသာ ၂၀၀၀ ကျပ်ရောင်းချနေရ

ညောင်ဦး  ဇွန်   ၁၃

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အောက်ညဉ့်ကျေးရွာ တောင်သူများ တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားသည့် ကြက်ဟင်းခါးစိုက်ခင်းများအောင်မြင် ဖြစ်ထွန်းနေပြီး နှစ်ရက်တစ်ကြိမ်ဆွတ်ခူးရောင်းချခြင်းဖြင့် မိသားစုဝင်ငွေအဆင်ပြေနေကြကြောင်းသိရသည်။

ညောင်ဦးမြို့နယ် အောက်ညဉ့်ကျေးရွာ ကျေးလက်တောင်သူများ ကြက်ဟင်းခါး စိုက်ပျိုးရန် ထိုင်ဝမ်ကြက်ဟင်းခါးမျိုးစေ့ဝယ်ယူစိုက်ပျိုးကြပြီး မျိုးစေ့တစ် ထုပ် ၉၀၀၀ ကျပ်ပေးဝယ်ရကြောင်း၊ မျိုးစေ့တစ်ထုပ် အစေ့ ၁၀၀ ရာပါဝင်ကာကြက်ဟင်း ခါးစိုက်မည့် စိုက်ကျင်းထဲတိုက်ရိုက်မျိုးစေ့မြှုပ်စိုက်ပျိုးကြကြောင်းသိရသည်။

ကြက်ဟင်းခါးပင်များစတင်စိုက်ပျိုးချိန်မှစတင်ကာ စင်ခံစနစ်ဖြင့်စိုက်ပျိုးကြပြီး ကြက်ဟင်းခါးပင်များနွယ်တက်လာပြီး စင်ပေါ်ပြန့်ကြဲရောက်ရှိချိန် တစ်လခန့်ကြာလျှင် အဖူး၊ အပွင့်စတင်ပွင့်လာကြောင်း၊ စိုက်သည့်ရက်မှ ရက်ပေါင်း ၄၀ ကျော်လျှင် ကြက်ဟင်းခါးသီးများ စတင်ဆွတ်ခူးရောင်းချကြကြောင်း၊ ထွက်ရှိလာသည့် ကြက်ဟင်း ခါးသီးများ ညောင်ဦးမြို့ မဏိစည်သူဈေးသို့ ဖောက်သည်ဈေး တစ်ပိသာ ၁၈၀၀ ကျပ်မှ ၂၀၀၀ ကျပ်ဖြင့် ကုန်စိမ်းပွဲရုံများသို့ရောင်းချရကာ အောက်ညဉ့်ကျေးလက်တောင်သူများ တစ်နိုင်တစ်ပိုင် ကြက်ဟင်းခါးစိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုဝင်ငွေ အဆင်ပြေနေကြ ကြောင်းကြက်ဟင်းခါးစိုက်ပျိုးတောင်သူများထံကသိရသည်။

ဒီပါလင်း