တောင်ကုတ်မြို့၌ Youth Club လူငယ်များနှင့် စာဖတ်ဝိုင်းကျင်းပ

တောင်ကုတ်   ဇွန်    ၁၃

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာရေးဆရာ အောင်သင်း၏ နှလုံးသားကို လေးပေါ်တင်၍ ပစ်သောအခါစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ မွန်းလွဲ(၁)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်သန်းနု က စာဖတ်ဝိုင်းကျင်းပရသည့် ရည်ရွယ်ချက်များ အားရှင်းလင်းပြောကြားပြီးနောက် Youth Club အဖွဲ့ဝင် မောင်ဇင်မင်းခန့်က နှလုံးသားကိုလေးပေါ်တင်၍ပစ်သောအခါ စာစုကိုလည်းကောင်း၊ မောင်ကျော်ဝေဖြိုးက စာတတ်ဖို့ စာဖတ်စို့ စာစုကိုလည်းကောင်း၊ မအေးစုစုအောင်က လူငယ်နှင့် သည်းခံမှုစာကိုလည်းကောင်း ဖတ်ကြားဆွေးနွေးကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ကုတ်မြို့နယ်ရုံးအနေဖြင့် စာဖတ်သူတိုးပွား လာစေရန်၊ ကျောင်းသား၊ကျောင်းသူလူငယ်များအချိန်ကို အကျိုးရှိစွာအသုံးပြုတတ်လာစေရန်နှင့် စာပေဖတ်ရှုခြင်းမှ ရရှိလာသည့် အသိပညာဗဟုတများ ကိုပြန်လည်မျှဝေဆွေးနွေးတတ်သည့် အလေ့အကျင့် ကောင်းများရရှိစေရန်ရည်ရွယ်ချက်များဖြင့် စာဖတ်ဝိုင်းများကို ဆောင်ရွက်လျက်ရှိကြောင်းနှင့် အဆိုပါ စာဖတ်ဝိုင်း ဆွေးနွေးပွဲသို့ ကျောင်းသား၊ ကျောင်းသူ(၁၂)ဦးတက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်