မော်လိုက်မြို့၌ ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ ဥပဒေရေးရာ စကားဝိုင်းကျင်းပ

မော်လိုက် ဇွန် ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ စကားဝိုင်းကို ယမန်နေ့နေ့လယ် ()နာရီအချိန်က မြို့နယ်အထွေထွေဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပြုလုပ်ခဲ့ပြီး(၁၄)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ စကားဝိုင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝဏ္ဏထွန်းက အဖွင့်အမှာ စကားပြောကြားသည်။ ဆက်လက်၍ အဖွဲ့()ခေါင်းဆောင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်ဆန်းယဉ်က ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေစာအုပ် အခန်း(၂မှ၆) အထိဆွေးနွေးခြင်း၊ အဖွဲ့() မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်ကျော်က အခန်း(၇မှ၁၂)အထိ ဆွေးနွေးခြင်း၊ အဖွဲ့()အဖွဲ့ခေါင်းဆောင် မြို့နယ်ပညာရေးမှူး ဦးထန်ရှင်းခုပ်က အခန်း(၁၃မှ၁၅) အထိနှင့် အဖွဲ့ဝင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ကြည်ကြည်က အခန်း (၁၇မှ၁၈) အထိ ဆွေးနွေးခြင်း၊ အဖွဲ့() အဖွဲ့ခေါင်းဆောင် မြို့နယ်လူမှုဝန်ထမ်းဦးစီးအရာရှိ ဒေါ်ယဉ်လှနှင့်အဖွဲ့ဝင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနဦးစီးအရာရှိ ဦးစံမင်းအောင်တို့က အခန်း(၁၉မှ၂၄)အထိ ဆွေးနွေးခြင်းနှင့် အဖွဲ့() အဖွဲ့ခေါင်းဆောင် မြို့နယ်ဥပဒေအရာရှိ ဦးမြတ်သူရဇော်က အခန်း(၂၁မှ၃၀)အထိ ဆွေးနွေးခဲ့ကြသည်။

အဆိုပါ စကားဝိုင်းတွင်  ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီကို အဖွဲ့()ဖွဲ့ဖြင့် ဖွဲ့စည်း၍ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေများ၊ ပြစ်မှုပြစ်ဒဏ်များ၊ အခွင့်အရေးများ စသည်ဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)