ဝါးခယ်မမြို့နယ်တွင် GIS နည်းပညာအသုံးပြု၍ သန်းခေါင်စာရင်းယူနစ်များ ဖွဲ့စည်းခြင်းလုပ်ငန်းဆောင်ရွက်

ဝါးခယ်မ ဇွန် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ GIS နည်းပညာအသုံးပြု၍ သန်းခေါင်စာရင်းယူနစ်များ ဖွဲ့စည်းခြင်းလုပ်ငန်းအား ပြည့်သူအင်အားဦးစီးဌာန ရုံးချုပ်မှ ဦးစီးအရာရှိ ဒေါ်တင်တင်လေးပါ အဖွဲ့ဝင်(၁၂)ဦးမှ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများဆောင်ရွက်ရာတွင် ဝါးခယ်မမြို့နယ်အတွင်းရှိ၊ မြို့ပေါ်ရပ်ကွက်(၁၉)ရပ်ကွက်အား ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူ‌ရေးအတွက် GIS နည်းပညာအသုံးပြု၍ သန်းခေါင်စာရင်းယူနစ်များ ဖွဲ့စည်းခြင်းလုပ်ငန်းဆောင်ရွက်ခြင်းဖြစ်ပြီး ယင်းလုပ်ငန်းများ ဆောင်ရွက်ရာသို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူး ဦးခင်မောင်မြင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဦးစီးမှူး ဦးကျော်စိုးတို့မှ လိုက်လံကြည့်ရှုအား‌ပေး၍ လိုအပ်သည်များ မှာကြားစီစဥ်ဆောင်ရွက်‌ပေးခဲ့ကြောင်း သိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)