ငါးသိုင်းချောင်း ဇွန် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နံနက်(၁၀)နာရီအချိန်က စာရေးဆရာ ညီညီနိုင် မြန်မာပြန်ဆိုသည့် အောင်မြင်ရေးသော့ချက်စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်ဇင်မီမီဝင်းက စာဖတ်ဝိုင်းများ ကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ စာပေချစ်မြတ်နိုးသူ(Book club)အဖွဲ့ဝင် ဦးခင်မောင်သန်းက စာအုပ်တွင်ပါဝင်သည့် ဆုံးရှုံးမှုများသည် အောင်မြင်မှု၏ဒေါက်တိုင်များဖြစ်၍ အမှားများမှသင်ခန်းစာယူပါ ခေါင်းစဥ်ဖြင့် ဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် စာပေဝါသနာရှင်များက ပညာဗဟုသုတ၊ မိသားစုအပေါ် မေတ္တာထားပါ၊ မိမိကိုယ်မိမိအကဲဖြတ်ခြင်း အစရှိသည့် ခေါင်းစဥ်များဖြင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ငါးသိုင်းချောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် စာဖတ်ရှိန်မြင့်မားလာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများ၊ ဆွေးနွေးပွဲများ ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ငါးသိုင်းချောင်း(ပြန်/ဆက်)