မြို့သစ် ဇွန် ၁၇
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကြက်သွန်နီများ အသစ်ပေါ်ချိန် ဈေးကောင်းရရှိကြောင်း သိရသည်။ မြို့သစ်မြို့နယ်ရှိ ဒေသခံတောင်သူများသည် နွေသီးနှံကြက်သွန်နီကို မိသားစုဝင်ငွေ တိုးပွားရေးအတွက် အဓိကစိုက်ပျိုးဆောင်ရွက်ကြရာ မြို့သစ် စည်ပင်သာယာစျေးအတွင်းသို့ နေ့စဉ်ကြက်သွန်နီကုန်ချိန် ငါးရာဝန်းကျင်ခန့် ဝင်ရောက်လျက်ရှိပြီး လက်ရှိအရောင်း အဝယ်ဈေးမှာ တစ်ပိဿာလျှင် အမြင့်ဆုံးဈေး(၂၀၀၀)ကျပ်မှ(၂၈၀၀)ကျပ် ဝန်းကျင်ရှိကြောင်း သိရသည်။
ဖေဖော်ဝါရီလဆန်းပိုင်းက ဈေးကောင်းရရှိခဲ့ကြောင်း မတ်လပိုင်းတွင် ဈေးပြန်ကျဆင်းလာပြီး ယခုနောက်ပိုင်းကြက်သွန်နီပေါ်ချိန်တွင် ကြက်သွန်နီစိုက်ပျိုးတောင်သူများအနေဖြင့် ကြက်သွန်နီထွက်နှုန်းများ ကောင်းမွန်ခြင်းရှိပြီး ရောင်းချမှု၌လည်း ဈေးနှုန်းကောင်းရရှိခဲ့ကြောင်း လက်ရှိဖြစ်ပေါ်လျက်ရှိသော ဈေးတွင်ကြက်သွန်နီထွက်နှုန်း ကောင်းမွန်သဖြင့် စိုက်ပျိုးစရိတ်၊ သွင်းအားစု၊ လုပ်သားစရိတ်များ အရှုံးမရှိသေးဘဲ အမြတ်နည်းရုံသာရှိကြောင်း သိရသည်။
ကြက်သွန်နီ တင်ပို့ရောင်းချသူများအနေဖြင့် လက်ရှိထွက်ပေါ်နေသော ကြက်သွန်နီအသစ်များ လှိုင်လှိုင်ပေါ်သည့် ဧပြီလနှင့်မေလအချိန်တို့မှ စတင်၍သိုလှောင်မှုအတွက် ဝယ်ယူကာ ဒေသအသီးသီးသို့ တင်ပို့ရောင်းချရကြောင်း သိရသည်။
သန်းဝင်းထွန်း( ပြန်/ဆက်)