ဘီးလင်းမြို့နယ် ရုံးလူထုအခြေပြုဗဟိုဌာနတွင် “ကောင်ကျိုးတည်ရန်မျှော်လင့်သည်” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

ဘီးလင်း ဇွန် ၁၇

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး(Community Centre)ခန်းမတွင် ယနေ့မွန်းလွဲ ၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်သူများအသင်း (Book Club)၊ (Woman Club)၊ (Youth Club)၊တို့ ပူးပေါင်း၍ စာရေးဆရာမ ခင်စောတင့် ရေးသားသည့် “ကောင်းကျိုးတည်ရန်မျှော်လင့်သည်" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမျိုးမျိုးစံက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်  (Book Club)အဖွဲ့ဝင် ဦးတင်ထွန်းဦးက“အလေးအနက် စဥ်းစားဆင်ခြင်ခြင်း”ခေါင်းစဉ်ဖြင့် လည်းကောင်း(Woman Club) အဖွဲ့ဝင် ဒေါ်မြတ်နန်းအိမ်က “ရိုးသားဖြောင့်မတ်ခြင်းဂုဏ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ (Youth Club)အဖွဲ့ဝင် ဦးကျော်သူရက” အကောင်းမြင် စိတ်ဓာတ်တည်ဆောက်ပါ” ခေါင်းစဥ်ဖြင့်လည်းကောင်း ဦးဆောင်ဆွေးနွေးကြပြီး တက်ရောက် လာကြသည့် စာပေချစ်သူများက စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန် ဆွေးနွေး ခဲ့ကြသည်။

အဆိုပါစာဖတ်ဝိုင်းဆွေးနွေးပွဲများကို ဆောင်ရွက်ပေး ခြင်းဖြင့် လူငယ်၊လူရွယ်များ၊ စာဖတ်သည့် အလေ့အကျင့် ရှိလာစေရန်၊ စာပေမှရရှိသည့် အသိပညာဖြင့် သူတစ်ပါးအား မျှဝေပေးနိုင်ရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်ဆောင်ရွက် ခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်ဆက်)