ပုသိမ်မြို့၌ အခြေခံစားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာဖြင့်​ ရောင်းချပေး

ပုသိမ် ဇွန် ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့၌ စားသုံးသူရေးရာဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ ဆီကုန်သည်ကြီးများအသင်းတို့ပူးပေါင်း၍ အခြေခံစားသောက်ကုန်များဖြစ်သော ဆီ၊ ဆား၊ ကြက်ဥနှင့် ငါးတန်ငါးများကို ပြင်ပပေါက်စျေးထက် စျေးနှုန်းသက်သာစွာဖြင့် ယနေ့နံနက်ပိုင်းက လိုက်လံရောင်းချ ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စိုးရီနှင့် ဝန်ထမ်း များ၊ သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများက အခြေခံစားသောက်ကုန်များဖြစ်သော ဆီ (၅၀)ကျပ်သား (၂၂၀၀) ကျပ်နှုန်း၊ ဆားတစ်ပိသာ (၃၀၀) ကျပ်နှုန်း၊ ကြက်ဥ (၄) လုံးလျှင် (၁၀၀၀) ကျပ်နှုန်း၊ ငါးတန်တပိဿာ လျှင် (၃၃၅၀) ကျပ်နှုန်းဖြင့် တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊တိုင်းဒေသကြီးစီမံကိန်းရုံး၊ တိုင်းဒေသကြီးဆည်‌မြောင်းရုံးနှင့် ပုသိမ်ပညာရေးဒီဂရီကောလိပ်တို့မှ ဝန်ထမ်းများအားပြင်ပပေါက်စျေးထက် စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ပြီး ယနေ့တွင် ဆီပိဿာချိန် (၆၁၀) ပိဿာ၊ ဆားပိဿာချိန် (၅၀၀)၊ ကြက်ဥအလုံးရေ (၂၄၀၀) ၊ ငါးတန်ပိဿာချိန် (၃၀) ပိဿာတို့ကို ရောင်းချပေးနိုင်ခဲ့ကြောင်းသိရသည်။

မြင့်ဟန်

ပုသိမ်ခရိုင်(ပြန်/ဆက်)