ဝေါလေမြိုင်မြို့၌ ကော်ပြောင်းများ စတင်စိုက်ပျိုး

ဝေါလေမြိုင်  ဇွန် ၁၉

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့ရှိ ဒေသခံတောင်သူများအနေဖြင့် ကော်ပြောင်းစိုက်ပျိုးခြင်းလုပ်ငန်းကို အဓိကထား လုပ်ကိုင်လျက်ရှိရာ  ဇွန်လမှစ၍ ကော်ပြောင်းများ စိုက်ပျိုးနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ကော်ပြောင်းများကို စိုက်ပျိုးရာတွင် နှစ်စဥ် ဇွန်လမှ စတင်စိုက်ပျိုးပြီး ပြောင်းမျိုးစေ့များကို ထိုင်းဘက်ကမ်းမှ ဝယ်ယူကာ ပြောင်းမျိုးစေ့ (၁)အိတ်လျှင် ထိုင်းဘတ်ငွေ (၁၈၀၀)ဘတ် ဝယ်ယူရကြောင်း၊ သီးနှံရင့်မှည့်ချိန် အောက်တိုဘာလနှင့် နိုဝင်ဘာဘာလတို့တွင် ပြောင်းချိုးချိန်ဖြစ် ပြောင်းစေ့များကို ထိုင်းဘက်ကမ်းသို့  ပြန်လည်ရောင်းချကြောင်း၊ ပြောင်းစေ့(၁)ပုံးလျှင် ထိုင်းဘတ်ငွေ ၁၃၀ ဘတ် ရရှိကြောင်းကို ပြောင်းစိုက်ဒေသခံပြည်သူတစ်ဦးထံမှ သိရသည်။

နှင်းဝေဦး (ပြန်/ဆက်)