ကျွန်းစုမြို့တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ကွင်းဆင်းဆောင်ရွက်

ကျွန်းစု ဇွန် ၁၉

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးက တိုင်းရင်းသားပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ရရှိရေးအတွက် ပန်းခင်းစီမံချက် အဆင့်(၂)အရ ယနေ့နံနက်ပိုင်းက ကျွန်းစုမြို့၊ ကပကျေးရွာအုပ်စု၊ ကပကျေးရွာရှိ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ် လဝက ရုံးဝန်ထမ်းများနှင့် တာဝန်ရှိသူများ ပူးပေါင်း၍ နိုင်ငံသားစိစစ်ရေးကတ်ပြား(၁၄၄)ကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်း(၃၈)စု ဆောင်ရွက်ပေးခဲ့ရာ မြိတ်ခရိုင်၊ လဝက ဦးစီးမှူး ဦးထွန်းဇော်ဦး နှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းလိုအပ်ချက်များအား ညွှန်ကြားခဲ့ကာ ဆောင်ရွက်ပြီးစီးသော နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေးစာရင်းများကို သက်ဆိုင်သူများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)