ကာလိ ဇွန် ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့ ပူးပေါင်းပြီး “e-ID စနစ်ဆောင်ရွက်လို့ လူမှု့စီးပွား မြှင့်တင်စို့” အသိပညာပေး (Talk Show)ကို ယနေ့ နံနက်(၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Center) ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ထင်ထင်ကျော်က e-ID စနစ်နှင့် ပတ်သတ်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ရည်ရွယ်၍ Online မှတဆင့် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဒု-လဝကမှူး ဦးကောင်းဆက်က e-ID စနစ်၏ ရည်ရွယ်ချက်၊ e-ID စနစ်ဆိုသည်မှာ နိုင်ငံအတွင်းနေထိုင်သူများကို အီလက်ထရောနစ်စနစ်ဖြင့် ကိုယ်ရေးအချက်အလက်များ (Biographic Data)နှင့် ဇီဝအချက်အလက်များ (Biometric Data)၊ e-ID စနစ် အကောင်အထည်ဖော် ဆောင်ရွက်မည့်အချက် (၅)ချက်၊ UID စနစ်ခေါ် Unigue ID ကို “ဘယ်လိုလူမျိုးတွေကိုထုတ်ပေးသင့်ကြောင်း”နှင့် Smart Card ထုတ်ပေးမည့် အချက်များကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ကာလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ အသိပညာဗဟုသုတများ ရရှိစေရေးအတွက် Online မှတဆင့် အသိပညာပြန့်ပွားရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထင်ထင် (ကာလိ၊ပြန်/ဆက်)