တံတားဦးမြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းတို့မှ  သက်ကြီးအဘိုး ၊ အဘွားများအတွက် ဆေးဝါးနှင့် အာဟာရဖြည့်စွက်စာများ လှူဒါန်း

တံတားဦး ဇွန် ၂၀

တံတားဦးမြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်းပြီး တံတားဦးမြို့ အမှတ်(၁)ရပ်ကွက် ကွက်သစ်ရပ်ရှိ သက်ကြီးအဘိုး ၊ အဘွားများအတွက် ဆေးဝါးနှင့် အာဟာရ ဖြည့်စွက်စာများအား ယနေ့နံနက်(၈)နာရီက လိုက်လံထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့ ထောက်ပံ့ပေးအပ်လှူဒါန်းရာတွင် အမှတ်(၁)ရပ်ကွက် ကွက်သစ်ရပ်ရှိ သက်ကြီး အဘိုး၊ အဘွားများအတွက် ဆေးဝါးနှင့် အာဟာရဖြည့်စွက်စာများအား မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာမေစံပါယ်အောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များက တစ်အိမ်တက်ဆင်းလိုက်လံ ကန်တော့ကြရာ သက်ကြီးအဘိုအဘွားများက ဆုတောင်းမေတ္တာပို့သကာ  သာဓုအနုမောဒနာ ခေါ်ဆိုခဲ့ကြသည်။ ထို့နောက် မြို့နယ်လူမှုရေးအသင်းဝင်များ အိုင်အိုဒင်းဆား သုံးစွဲရေးအတွက် အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

ဦးရဲတင့်( ပြန်/ဆက်)