တုံတာ ဇွန် ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ဌာနဆိုင်ရာများနှင့် လမ်းမကြီးဘေးစျေးဆိုင်တို့တွင် အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်တွင် အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ် ရေးမူဝါဒ၊ ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့်အချက်များ၊ နုခန့်ယဉ် (ရစ်ကန်ကြီး) ရေးသားသော မူးယစ်ဆေးဝါး တို့ရှောင်ရှား (ကဗျာ)၊ ဘိန်းအစားထိုး စိုက်ပျိုးသည့် အစေ့ထုတ်ပြောင်းစံပြကွက် ရိတ်သိမ်းပွဲမှတ်တမ်းနှင့် ဘိန်းခင်းဖျက်ဆီးမှု မှတ်တမ်းဓာတ်ပုံများ၊ မူးယစ်ဆေးဝါးအန္တရာယ် အမျိုးသားရေးအသွင်တိုက်ဖျက်(ဆောင်းပါး)၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၁)၌ ပြောကြားသည့်အမှာစကားမှ ကောက်နုတ်ချက်၊ မူးယစ်ဆေးဝါးပညာပေး (ကာတွန်း)၊ မူးယစ် ဆေးဝါးသုံးစွဲရခြင်း အကြောင်းရင်းများနှင့် မူးယစ်ဆေးဝါးပညာပေး(ဆောင်ပုဒ်)များ ပါဝင်ကြောင်း သိရသည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)က စောင်ရေ (၂၀၀၀၀၀)အခမဲ့ ထုတ်ဝေခြင်းဖြစ်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက စျေးရောင်း/စျေးဝယ်များ၊ ဒေသခံပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဌာနဆိုင်ရာများထံသို့ လက်ဝယ်အရောက် စောင်ရေ(၂၀၀)ကျော်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဲန်းမေရီ