ပျော်ဘွယ်မြို့နယ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား ကျောင်းပေါင်းစုံ အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

ပျော်ဘွယ် ဇွန် ၁၉

ပျော်ဘွယ်မြို့နယ် အားကစားနှင့်ကာယပညာကော်မတီမှ ကျင်းပသည့် အခြေခံပညာ ကျောင်းပေါင်းစုံ အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ ညနေ(၄)နာရီက မြို့နယ်အားကစားကွင်းတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ အခြေခံပညာကျောင်းများဖြစ်သည့် အ.ထ.က (ရွှေညောင်ဖူး)၊ အ.ထ.က-ခွဲ(ကျီနီ)၊ အ.ထ.က- ခွဲ(သဖန်းချောင်း)တို့ ပူးပေါင်းထားသော ညွန့်ပေါင်းအသင်းနှင့် အ.ထ.က (နတ်စုံးမှော်) အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ညွန့်ပေါင်းအသင်းက(၁)ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

ဆက်လက်၍ ဆုချီးမြှင့်ပွဲကို ကျင်းပရာ ဒုတိယဆု ရရှိသော အ.ထ.က(နတ်စုံမှော်)အသင်းအား မြို့နယ် ပညာရေးမှူး ဦးခင်မောင်ထွန်းက တစ်ဦးချင်းဆုများနှင့် ဒုတိယဆုကိုလည်းကောင်း၊ မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ ဦးလွင်က ပထမဆုရရှိသော ညွန့်ပေါင်း အသင်းအား တစ်ဦးချင်းများနှင့် ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)