တောင်တွင်းကြီး ဇွန် ၂၀
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အား မြို့ပြအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပ စေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများက စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့က မြို့လယ်လမ်းဆုံ၊ မကွေးလမ်း၊ ပြည်လမ်း၊ ဗိုလ်ချုပ်လမ်း တလျောက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ သန့်ရှင်းရေး ဝန်ထမ်းများက မြို့လယ်လမ်းဆုံ၊ မကွေးလမ်း၊ ပြည်လမ်း၊ ဗိုလ်ချုပ်လမ်းတလျောက်ရှိ အမှိုက်သရိုက်များအား တံမြက်စည်းလှည်းသန့်ရှင်းရေးဆောင်ရွက်ခြင်း၊ ပလပ်စတစ်အမှိုက် များနှင့် စွန့်ပစ်အမှိုက်များ ကောက်ယူသိမ်းဆည်းခြင်း၊ ပလက်ဖောင်းမြက်ရှင်းလင်းခြင်းနှင့် သဲကြုံးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြပြီး ထွက်ရှိလာသည့် အမှိုက်များအား မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့ပိုင် အမှိုက်သိမ်းမော်တော်ယာဉ်ဖြင့် စနစ်တကျ သယ်ယူစွန့်ပစ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် တောင်တွင်းကြီးမြို့နယ်အား မြို့ပြအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေးအတွက် သန့်ရှင်းရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ မြို့တွင်းလမ်းဘေးဝဲယာတလျောက်ရှိ ပန်းခုံများအား ဆေးသုတ်ခြင်း၊ ပန်းပင်များပြုပြင်ခြင်း၊ ပန်းအလှပင်များတိုးချဲ့စိုက်ပျိုးခြင်းနှင့် မြို့တွင်းလမ်းများ ပြုပြင်ခြင်း၊ ပလက်ဖောင်းပြုပြင်ခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)