မြင်းမူ ဇွန် ၂၀
ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ပစွည်းများ သဘာဝဘေးအပါအဝင် အမျိုးမျိုးသော ဘေးအန္တရာယ်များမှ ကင်းလွတ်စေရေး အသိပညာပေးဆောင်ရွက်ခြင်းနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးရာ လျှင်မြန်ထိရောက်စွာ ဆောင်ရွက်နိုင်ရေး လေ့ကျင့်မှုများကို ယနေ့နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ် မီးသတ်ဦးစီးဌာန စခန်းရုံးတွင် ပြုလုပ်ခဲ့သည်။
ယနေ့ လေ့ကျင့်မှုအနေဖြင့် ကြိုးချည်နည်းအသုံးပြု၍ အထပ်မြင့်မှ အောက်သို့ကယ်တင် ပို့ဆောင်ပေးခြင်း၊ တွင်းနက်အတွင်း ကျရောက်မှုကို ကယ်တင်ခြင်း စသည့် လေ့ကျင့်မှုများကို မိမိဌာန မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့ပေါ်ရပ်ကွက်များရှိ မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းလေ့ကျင့်ခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်မီးသတ်တပ်ဖွဲ့တာဝန်ရှိသူထံမှ သိရှိရသည်။
မြို့နယ် မီးသတ်တပ်ဖွဲ့အနေဖြင့် သက်ဆိုင်ရာနယ်မြေနှင့် ရပ်ကွက်မီးသတ်တပ်ဖွဲ့များနှင့် ပူးပေါင်းကာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အသင့်စုဖွဲ့ထားရှိကာ စခန်းအသီးသီးတွင် အသင့်အနေအထားရှိနေကြကြောင်း သိရှိရသည်။
အောင်စိုးဖေ(မြင်းမူ)