ငရုတ်ကောင်းမြို့၌ ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများ ဖော်ထုတ်ရှင်းလင်း

ငရုတ်ကောင်း ဇွန် ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့ စည်ပင်သာယာရေးအဖွဲ့က မိုးရာသီကာလ မြို့တွင်းလမ်းမများ ရေကျော်တက်မှုများ မဖြစ်ပေါ်စေရေး၊ ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ရေနုတ်မြောင်းများ၊ ရေဆိုးရေညစ်မြောင်းများကို စက်ယန္တရားများ၊ လူအင်အားများဖြင့် ဖော်ထုတ်ရှင်းလင်း ဆောင်ရွက် ထားမှုများအား ယနေ့ နံနက်ပိုင်းက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဆောင်ရွက်ထားသော လုပ်ငန်းများကို ငရုတ်ကောင်းမြို့ အုပ်ချုပ်ရေးမှူး ဦးဝေယံဦး၊ မြို့စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးရဲထွန်းဦး၊ မီးသတ်တပ်ဖွဲ့စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးသူရအောင်တို့က ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ရပ်ကွက်များအတွင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သိရသည်။

ငရုတ်ကောင်း(ပြန်/ဆက်)