တာလေ ဇွန် ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကြီးမှူး၍ ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အလယ်တန်းအဆင့်စာစီစာကုံး ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာစီစာကုံးပြိုင်ပွဲကို ''လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်''ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး အခြေခံပညာအထက်တန်းကျောင်း(တာလေ)မှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၁၆)ဦးနှင့် အခြေခံပညာအလယ်တန်းကျောင်း(ပါလိုင်)မှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၆)ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၂၂)ဦး ပါဝင်ယှဉ်ပြိုင်ကြ ကြောင်း သိရသည်။
ယင်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုနှင့် နှစ်သိမ့်ဆု (၂) ဆု၊ စုစုပေါင်းဆု(၅)ဆု ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ပြီး ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ဇွန် ၂၃ ရက်နေ့တွင်ကျင်းပ ပြုလုပ်မည့် အပြည်ပြည် ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေး နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲအခမ်းအနားတွင် ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သွား မည်ဖြစ်ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)