မုံးကိုးမြို့၌ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများက စုပေါင်း ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ

မုံးကိုး ဇွန် ၂၂

မူဆယ်ခရိုင်၊ မုံးကိုးမြို့တွင် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများက စုပေါင်း၍ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့နံနက် (၉)နာရီအချိန်က မုံးကိုးမြို့အတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

မုံးကိုးမြို့အတွင်းရှိ တောင်ပေါ်ကျေးရွာများနှင့် မြို့ပေါ်ရှိ ဒေသခံပြည်သူများက ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို လစဉ်ကျင်းပလျက်ရှိပြီး မြို့ပေါ်နှင့် တောင်ပေါ်ကျေးရွာများအတွင်း ဘုန်းတော်ကြီးကျောင်းရှိ  သံဃာတော်များ စုစုပေါင်း အပါး ၁၀၀ ပါးကို ဆွမ်းဆန်စိမ်း လောင်းလှူခဲ့ကြောင်းကို သိရပါသည်။

၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၂)ရက်နေ့တွင် မုံးကိုးမြို့ရှိ ဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မိသာစုအားလုံးနှင့် ဒေသခံပြည်သူများက စုပေါင်း၍ ဆွမ်းဆန်စိမ်းလောင်းလှူပွဲဖြစ်မြောက်စေရန် များစွာကူညီခဲ့ကြောင်း သိရှိရပါသည်။ ထို့နောက် မုံးကိုးမြို့ပေါ်နှင့် တောင်ပေါ်ကျေးရွာ သံဃာတော်များအတွက် မြို့တွင်း လှည့်လည်နိုင်ရေးကို မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ဒေသခံလူငယ်များက တာဝန်ယူပြီး ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၏ မိသာစုများက သံဃာတော်များကို ဆန်၊ ဆေး၊ လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများကို လောင်းလှူခဲ့ကြောင်း သိရသည်။ ဆက်လက်၍ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ပြီးဆုံးချိန်တွင် နယ်စပ်သာသနာဘုန်တော်ကြီးကျောင်းတွင် တရားနာအပြီး ရေစက်ချအမျှဝေမည်ဖြစ်ကြောင်း သိရှိရသည်။

မေစံပယ်ဖူး(မုံးကိုး)