မိုင်းဆတ်မြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်(အကြို) စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်(အကြို) စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်(၁၀)နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြို့သစ်မြို့ ငရုတ်သီးစိမ်းစျေးကွက်အနည်းငယ်ကျဆင်းလာ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် ငရုတ်စိုက်ပျိုးခြင်းကို မြေအောက်ရေဖြင့် တူးဖော်စိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ယခုရက်ပိုင်း ငရုတ်သီးစိမ်းစျေးများ အနည်းငယ်ကျဆင်းလျက်ရှိကြောင်း ငရုတ်စိုက်တောင် သူတစ်ဦးထံမှ သိရသည်။

ဘီးလင်းမြို့နယ်တွင် နယ်လှည့်စာ​ကြည့်တိုက်၊ နံရံကပ်စာစောင်ပြသခြင်းနှင့် အသိပညာပေး ဟောပြောခြင်းများဆောင်ရွက်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်  ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ယနေ့နံနက်ပိုင်းက အ.မ.က(ညောင်လန်း)ကျောင်းနှင့် အ.မ.က(လိပ်ခုံးတောင်)ကျောင်းများသို့ သွားရောက်ကာ အသိပညာပေး ဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

ငပုတောမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များဖြန့်ဝေ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲ သုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များကို ယနေ့ နံနက် (၉)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်း များမှ အ-ထ-က(ငပုတော)နှင့် အလက -(ရွှေမြကွင်း)ကျောင်းတို့၌ သွားရောက်ဖြန့်ဝေပေးခဲ့ကြသည်။

ရေတာရှည်မြို့နယ် သပြေတန်းကျေးရွာ(မူလွန်)ကျောင်းသို့ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး နယ်လှည့်ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးငယ်များအား အသိပညာဗဟုသုတရရှိစေရေး၊ ဥာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယမန်​နေ့ နံနက်ပိုင်းက ​သ​ပြေတန်းကျေးရွာ(မူလွန်)ကျောင်းသို့ Mobile Library ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

လဲချားတွင် ဇီဝဆိုင်ရာအချက်အလက် (Biometric)ကောက်ယူခြင်း လုပ်ငန်းများဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်နေသည့် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်းလုပ်ငန်းများကို ယနေ့နံနက် ၉နာရီကစတင်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးအောင်သီဟဟိဏ်းနှင့် ဝန်ထမ်းများက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆောင်ရွက် ပေးလျက်ရှိ​သည်။

အုတ်တွင်းမြို့ အ.ထ.က၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး “သတင်းစကား” လက်ကမ်းစာစောင်များဖြန့်ဝေ

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် “သတင်းစကား” လက်ကမ်းစာစောင်ကို ယနေ့နံနက်ပိုင်း က  အုတ်တွင်းအ.ထ.က၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ဖြန့်ဝေပေးသည်။

သီပေါမြို့ မန်ဟဲကျေးရွာအခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ရောင်းချလျက်ရှိသည့် ကျောင်းမုန့်ဈေးဆိုင်များအား ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မန်ဟဲကျေးရွာအခြေခံပညာ အလယ်တန်းကျောင်းခွဲတွင် ရောင်းချလျက်ရှိသော ကျောင်းမုန့် ဈေးဆိုင်များတွင် ဘေးအန္တရာယ်ရှိသော အစားအသောက်များ ရောင်းချမှုမရှိစေရေးနှင့် ရောင်းချခြင်းရှိ၊ မရှိတို့ကို မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနနှင့် တာဝန်ရှိသူများက ယနေ့ နံနက် (၉)နာရီက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝါးခယ်မမြို့နယ်တွင် လူကုန်ကူးမှုတိုက်ဖျက်ရေးအကြောင်း သိကောင်းစရာ အသိပညာပေး ဆွေးနွေးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့ အ.ထ.က(၁) ဒေါ်ပိုက်မိခန်းမ၌ ယနေ့ နံနက် ၈ နာရီအချိန်က လူကုန်ကူးမှုတိုက်ဖျက်ရေးအကြောင်း သိကောင်းစရာ အသိပညာပေး ဆွေးနွေးပွဲကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to