ပြည်သူ့စာကြည့်တိုက်သို့ ကျောင်းသား/ကျောင်းသူများ အသိပညာ ဗဟုသုတရှာဖွေရန် စာအုပ်စာစောင်များ လာရောက်ငှါးရမ်းဖတ်ရှုလေ့လာ

  လိပ်သို ဇွန် ၂၂

စာဖတ်ဝါသနာသည် လူကြီး၊ လူငယ်၊ လူလတ်စသည့် လူတန်းစားမရွေး၊ အသက်အရွယ်မရွေး၊ လူတိုင်းနှင့်သင့်လျော်ပြီး စာဖတ်ခြင်းသည် တစ်နည်းအားဖြင့် စိတ်ကိုအစာကျွေးခြင်း ဖြစ်သည့်အတွက် စာဖတ်ခြင်းဖြင့် အသိအမြင်ကြွယ်၀စေရန်နှင့် အတွေးအခေါ်ဉာဏ် ရင့်သန်စေရန် မြို့ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်ထားသည့်  ပြည်သူ့စာကြည့်တိုက်သို့ ယနေ့နံနက်ပိုင်းတွင် လိပ်သိုမြို့ အ.ထ.က ကျောင်းမှ ကျောင်းသား/ ကျောင်းသူလေးများက လာရောက်၍ စာအုပ်စာစောင်များ လေ့လာဖတ်ရှု ငှါးရမ်းခဲ့ကြကြောင်း သိရသည်။

စာကြည့်တိုက်ကို ဗဟုသုတရှာဖွေရာနေရာ တစ်ခုအဖြစ် ဖွင့်လှစ်ထားရှိပြီး သုတ/ရသ စာအုပ်များ၊ ကလေးများအကြိုက် ရုပ်ပြကာတွန်းများ၊ ပုံပြင်များ၊ တေဇ၊ ရွှေသွေး၊ တိုင်းရင်းသားရိုးရာ ရုပ်ပြပုံပြင်များ၊  ဉာဏ်စမ်းပဟေဠိစာအုပ်များ စသည့်စာအုပ်စာစောင်များ လာရောက်ဖတ်ရှု ငှားရမ်းနိုင်သည့်အပြင် လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ဟောပြောပွဲများ၊ ဆွေးနွေးပွဲများ၊ စာအုပ်စာစောင်ပြပွဲများနှင့် Talk Show အစီအစဉ်များ ပြုလုပ်ဆောင်ရွက်ပေးလျက် ရှိသည်။

လိပ်သိုမြို့ရုံး ပြည်သူ့စာကြည့်တိုက်အတွင်းရှိ ကလေးစာဖတ်ခန်းကို သီးသန့်ဆောင်ရွက်ထားပြီး ကလေးများအကြိုက် ပုံပြင်ပြောခြင်း၊ ဆေးရောင်ခြယ်ခြင်း၊ အရုပ်ဆက်ခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ စာဖတ်စွမ်းရည် စသည့်ပြိုင်ပွဲများကို လစဉ်ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

ခင်လေးနွယ်