ဝေါမြို့နယ်၌ (၁၀၁) နှစ်မြောက်အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် စံပြလူငယ်စိုက်ပျိုးရေးသမဝါယမအသင်း (စမ်းဝတီ) သဘာဝမြေသြဇာပေးအပ် လှူဒါန်းပွဲကျင်းပ
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၌ (၁၀၁) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးစပါးစိုက်ပျိုးသည့် ဘိုးဦးစိန်ကျေးရွာ၊ စံပြလူငယ် စိုက်ပျိုးရေးသမဝါယမအသင်းလီမိတက်အသင်းသားများအား (စမ်းဝတီ) သဘာဝမြေသြဇာ ပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက် (၉) နာရီက မြို့နယ်သမဝါယမဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ပြုလုပ်ကျင်းပခဲ့သည်။