နတ်စမ်းခေတ်မီစံပြကျေးရွာ၌ ပါတ်ဝန်းကျင်စိမ်းလန်းစိုပြေသာယာရေး စုပေါင်းသစ်ပင်စိုက်ပွဲကျင်းပ
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကျိုက်မရောမြို့နယ်ရုံးမှ ဦးဆောင်၍ နတ်စမ်းခေတ်မီစံပြကျေးရွာ၌ သဘာဝဘေးအန္တရာယ် ကာကွယ် ရေးနှင့်ပါတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးအတွက် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၉နာရီက ဘိန်းဗျောကျေးရွာ အုပ်စုရှိ နတ်စမ်း ခေတ်မီစံပြ ကျေးရွာဘောလုံးကွင်း၌ ပြုလုပ်ခဲ့သည်။