ဝေါမြို့နယ်၌ (၁၀၁) နှစ်မြောက်အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် စံပြလူငယ်စိုက်ပျိုးရေးသမဝါယမအသင်း (စမ်းဝတီ) သဘာဝမြေသြဇာပေးအပ် လှူဒါန်းပွဲကျင်းပ

ဝေါ ဇွန် ၁

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၌ (၁၀၁) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးစပါးစိုက်ပျိုးသည့် ဘိုးဦးစိန်ကျေးရွာ၊ စံပြလူငယ် စိုက်ပျိုးရေးသမဝါယမအသင်းလီမိတက်အသင်းသားများအား (စမ်းဝတီ) သဘာဝမြေသြဇာ ပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက် (၉) နာရီက မြို့နယ်သမဝါယမဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ပြုလုပ်ကျင်းပခဲ့သည်။

ရှေးဦးစွာ ဝေါမြို့နယ်သမဝါယမဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးအေးလွင်က (၁၀၁) နှစ်မြောက်အပြည်ပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ဂုဏ်ပြုကြိုဆိုအားဖြင့် မိုးစပါးစိုက်ပျိုးသည့် ဘိုးဦးစိန်ကျေးရွာ စံပြလူငယ်အသင်းသူ အသင်းသားများအား (စမ်းဝတီ) သဘာဝမြေသြဇာ ပေးအပ်လှူဒါန်းရခြင်းအကြောင်းရှင်းလင်းပြောကြားပြီး မြို့နယ်ဦးစီးအရာရှိဦးအေးလွင်နှင့် မြို့နယ်သမဝါယမအင်း ဥက္ကဋ္ဌ ဦးစိုးလွင်တို့က ဘိုးဦးစိန်ကျေးရွာ စံပြလူငယ်စိုက်ပျိုး ထုတ်လုပ်ရေး သမဝါယမအသင်းလီမိတက်အသင်းသူ၊အသင်းသားများအား (စမ်းဝတီ) သဘာဝ မြေသြဇာအိတ် (၃၀) အားပေးအပ်လှူဒါန်းခဲ့သည်။

ထို့နောက် ဘိုးဦးစိန်ကျေးရွာ စံပြလူငယ်စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းလီမိတက် အသင်းသူ၊အသင်းသားများကိုယ်စား အသင်းဥက္ကဋ္ဌ ဦးမြင့်ဝေက မိုးစပါးစိုက်ပျိုးသည့် စံပြလူငယ် အသင်းအားသွင်းအားစုအနေဖြင့် (စမ်းဝတီ) သဘာဝမြေသြဇာထောက်ပံလှူဒါန်းပေးသည့် အတွက် ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်းသိရသည်။

အောင်မြတ်လင်း (ပြန် / ဆက်)