ပေါက်ခေါင်း ဇူလိုင် ၁
ယနေ့ဇူလိုင်လ ၁ ရက်နေ့တွင်ကျရောက်သည့် (၁၀၁)နှစ်မြောက်အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပေါက်ခေါင်းမြို့နယ်သမဝါယမဦးစီးဌာနှင့် သမဝါယမအသင်းစုတို့ ပူးပေါင်း၍ မိုးစပါးစိုက်ပျိုးမည့်အသင်းသားတောင်သူများအား သွင်းအားစု ဓာတ်မြေဩဇာများဖြန့်ဝေပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက ဘန့်ပြင်ကျေးရွာ၌ကျင်းပခဲ့သည်။
အဆိုပါပေးအပ်ပွဲတွင် ပေါက်ခေါင်းမြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိနှင့်ဝန်ထမ်းများကဘန့်ပြင်ကျေးရွာ (တက်သစ်စစိုက်/ထွေအခြေခံသမဝါယမအသင်း) ယခုနှစ်မိုးစပါးစိုက်ပျိုးမည့် အသင်းသားတောင်သူများအား သွင်းအားစုဓာတ်မြေဩဇာများပေးအပ်ခဲ့သည်။ ယင်းပေးအပ်ပွဲ သို့ သမဝါယမအသင်းစုဥက္ကဋ္ဌ နှင့်တာဝန်ရှိသူများ၊ကျေးရွာရပ်မိရပ်ဖများနှင့် အသင်းသားတောင်သူများ တက်ရောက်ခဲ့ကြပြီး သမဝါယမဦးစီးဌာနဝန်ထမ်းများက GW-11 စပါးစိုက်ပျိုး ရေးနည်းစနစ်လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)