မရမ်းကုန်းမြို့နယ်၌ (၁၀၁)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ဂုဏ်ပြုသောအားဖြင့် မြို့နယ်အတွင်းရှိသမဝါယမသင်းများမှ စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်း၊ လမ်းခင်းခြင်းနှင့် သမဝါယမအရောင်းဆိုင်များရှိ ကုန်ပစ္စည်းများအား စျေးနှုန်းချိုသာစွာဖြင့် ရောင်းချခြင်း

မရမ်းကုန်း ဇူလိုင် ၂

(၁၀၁)နှစ်​​​မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယ​မန်​နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်အတွင်း သမဝါယမသင်းများမှ စုပေါင်း သန့်ရှင်းရေး ပြုလုပ်ခြင်း၊ လမ်းခင်းခြင်းနှင့် သမဝါယမအရောင်းဆိုင်များမှ ကုန်ပစ္စည်းများအား စျေးနှုန်းချိုသာစွာဖြင့် ရောင်းချဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့​ဆောင်ရွက်ရာတွင် သမဝါယမအ​ရောင်းဆိုင်များမှ မိမိတို့ပတ်ဝန်းကျင်ရှိ အမှိုက်များ ကင်းစင် သန့်ရှင်း​စေ​ရေး စု​ပေါင်းသန့်ရှင်း​ရေး​ဆောင်ရွက်ကြပြီး စိန်နဂါးကြွေမြေဖန်ထည် စက်မှု့ကုန်ထုတ် သမဝါယမအသင်းမှလမ်းခင်းခြင်းနှင့် သဇင်ရောင်းဝယ်ရေးသမဝါယမအသင်း၊ စိန်နဂါးကြွေမြေ ဖန်ထည်စက်မှု ကုန်ထုတ်သမဝါယမအသင်း၊ သိန်းကမ္ဘာ ရောင်းဝယ်ရေး သမဝါယမအသင်း၊ ဇွဲမာန်အောင်ရောင်းဝယ်ရေး သမဝါယမအသင်း၊​ ရောင်နီဦး ရောင်းဝယ်ရေး သမဝါယမအသင်းစသည့် သမဝါယမအသင်းအ​​ရောင်းဆိုင်များရှိ ဆန်၊ ဆီ၊ ဆားအစရှိ​သောစား​သောက်ကုန်ပစ္စည်းများ၊ အလှကုန်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများကို​စျေးနှုန်းချိုသာစွာ​ရောင်းချ​ပေးလျက်ရှိပြီး အဆိုပါသမဝါယမအ​ရောင်းဆိုင်များ၏​ စျေး​ရောင်းချမှု အ​ခြေအ​နေများကို မရမ်းကုန်းမြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိနှင့် တာဝန်ရှိသူများမှ သွား​ရောက်ကြည့်ရှုအား​ပေးခဲ့ကြ​ကြောင်း သိရသည်။

အေး​အေး​အောင်(ပြန်/ဆက်)