ဟိုပုံး ဇူလိုင် ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က တောင်ရပ်ကွက် အတုလမန် အောင်ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်သည်။
ဆွေးနွေးပွဲတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဦးဝင်းကျော်မျိုးက အသေးစားစက်မှုလုပ်ငန်းဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်များ၊ လုပ်ငန်းရှင်များ၏ မှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်များကို အကျယ်တဝင့်ရှင်းလင်းပြောကြားပြီးနောက် တက်ရောက်လာသည့် တောင်ရပ်ကွက်ရှိ MSME လုပ်ငန်းရှင်များမှ သိရှိလိုသည်များကို မေးမြန်းရာတာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)