အလုံမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)၌  စာဖတ်ဝိုင်းဆောင်ရွက်

အလုံ ဇူလိုင် ၅

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ယမန်နေ့မွန်းလွဲ ၁ နာရီက အလုံမြို့နယ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့မှ  စာဖတ်ဝိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆို စာဖတ်ဝိုင်းကို ပြည်သူများ စာပေနှင့်ရင်းနှီးကျွမ်းဝင်မှုရှိပြီး စာဖတ်သည့်အလေ့အထများရရှိစေရန်၊ စာပေမှရရှိသည့် အသိပညာဗဟုသုတရရှိစေရန်၊ စာပေဝါသနာရှင်များ အချင်းချင်းစာပေရေးရာ အသိပညာဗဟုသုတများကို နှီးနှောဖလှယ်ဆွေးနွေးနိုင်ရန်နှင့် လူအများနှင့်ပါဝင်ဆွေးနွေးတတ်သည့် အလေ့အထများရရှိစေရန်အတွက်ရည်ရွယ်ကာ လစဥ်ဆောင်ရွက်ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းတွင်  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်ချိုက စာဖတ်ဝိုင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကိုပြောကြားပြီးနောက် စာရေးဆရာတက်တိုးရေးသားသည့် ဝနှင့်စာပေစာအုပ်ပါ အကြောင်းအရာများကို Book Club အဖွဲ့ဝင်များဖြစ်ကြသည့် စာရေးဆရာမအေး(ရန်ကုန်တက္ကသိုလ်)နှင့် တရားလွှတ်တော်ရှေ့နေဦးထင်ဇော်လတ်တို့က ဦးဆောင်ဆွေးနွေးခဲ့သည်။

ထို့နောက် တက်ရောက်လာသူများကလည်း ပါဝင်ဆွေးနွေးခဲ့ကြပြီး အဆိုပါ စာဖတ်ဝိုင်းသို့ အလုံမြို့နယ်စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များ တက်ရောက်ကြောင်း သိရသည်။

တင်တင်ချို (ပြန်/ဆက်)