ရွှေတောင် ဇူလိုင် ၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ကြို့ကုန်းအုပ်စု၊ကွင်းအမှတ် (၄၁၇) ကွင်းရှိ တောင်သူ ဦးစောလွင်၏ လယ်မြေတွင် ယမန်နေ့ နံနက်ပိုင်းက မျိုးစေ့ချ ကိရိယာ (Drum Seeder)စနစ် ဖြင့်စိုက်ပျိုးခြင်းကွင်းသရုပ်ပြ စိုက်ပျိုးခြင်း အခမ်းအနားကိုကျင်းပခဲ့သည်။
ရွှေတောင်မြို့နယ်အတွင်း မိုးစပါးလျာထားဧက (၅၈၁၆၃) ဧကရှိပြီး တစ်ဧက အထွက်နှုန်းတိုးတက်ရေးအတွက် ကြဲခင်းစနစ်လျော့ချပြီး မျိုးစေ့ချ ကိရိယာ ( Drum Seeder) စနစ်ဖြင့် ရတနာတိုးစပါးမျိုးစိုက်ပျိုးခြင်းကိုလက်တွေ့သရုပ်ပြ စိုက်ပျိုးခဲ့ကြောင်းသိရသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဟံဝင်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဦးကျော်လွင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးအောင်နှင့် ဝန်ထမ်းများ၊ဌာနဆိုင်ရာအကြီးအကဲများ၊ ရွှေတောင်မြို့နယ် စက်မှု၊စိုက်ပျိုးရေးနှင့်မွေးမြူရေး အထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများတက်ရောက်ခဲ့ကြပြီး လက်တွေ့စိုက်ပျိုး ပြသခဲ့ကြောင်းသိရသည်။
ကိုကိုမင်း (ပြန်/ဆက်)