ရန်ကုန် ဇူလိုင် ၅
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၌ မွေးကင်းစမှ အသက် တစ်နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်တိုးချဲ့ကာကွယ်ဆေးများတိုက်ကျွေးထိုးနှံခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ကျောက်တံတားမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ကာကွယ်ဆေး တိုက်ကျွေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးတိုက်ကျွေးထိုးနှံပေးရာတွင် ငါးမျိုးစပ်ကာကွယ်ဆေး (ဆုံဆို့၊ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါဘီ၊ဦးနှောက်အမြှေးရောင်)၊ ပြင်းထန်အဆုတ်ရောင်ကာကွယ်ဆေး၊ ပိုလီယို အစက်ချဆေး၊ ပိုလီယိုထိုးဆေး၊ ဂျပန်ဦးနှောက်ရောင်ကာကွယ် ဆေး၊ ဝက်သက်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေး၊ ဘီစီဂျီ (ဦးနှောက်တီဘီရောဂါကာကွယ်ဆေး)၊ ရိုတာဗိုင်းရပ်စ် ကြောင့်ဖြစ်သော ဝမ်းပျက်ဝမ်းလျှော ရောဂါကာကွယ်ဆေးစသည့် ကာကွယ်ဆေးများကို တိုက်ကျွေးထိုးနှံပေးခြင်းဖြစ်ပြီး ယနေ့တွင်ကလေး(၁၆) ဦး တို့အား ကာကွယ်ဆေးတိုက်ကျွေးထိုးနှံပေးကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးများကို လစဉ်လဆန်း ၁ရက်နေ့မှ ၇ ရက်နေ့အထိ ရုံးဖွင့်ရက်များတွင် နံနက် ၉ နာရီမှ နေ့လယ် ၂ နာရီအထိ ကာကွယ်ဆေးများတိုက်ကျွေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
စန္ဒာမိုး