ပုံပါကျင် ဇူလိုင် ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့၌ ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် ၉ခွဲ နာရီက ပုံပါကျင်မြို့ ကျေးလက်ကျန်း မာရေးဌာန၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပုံပါကျင်မြို့၊ ရပ်ကွက်(၂) ကျေးလက်ကျန်းမာရေးဌာနမှ အမျိုး သမီးကျန်းမာရေးမှ ဒေါ်အေးအေးညွှန့် ဉီးဆောင်သည့် ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေး လာရောက်ထိုးနှံသော ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ် ဆေးထိုးနှံခြင်း မပြုမီ စာရင်းရေးသွင်းခြင်း၊ အရပ်အမြင့်တိုင်းခြင်း၊သွေးပေါင်ချိန်တိုင်းတာ ခြင်းနှင့် ကိုယ်အလေးချိန်တိုင်းတာခြင်းတို့ကိုဆောင်ရွက်ပြီးမှသာ စနစ်တကျ ထိုးနှံပေးသည်။
ကိုယ်ဝန်ဆောင်မိခင်များ၏ ပုံမှန်ကာကွယ်ဆေးတွင် မေးခိုင်ကာကွယ်ဆေးထိုးနှံပေးကြောင်း သိရသည်။
သော်တာ(ပြန်/ဆက်)