ပုဗ္ဗသီရိ ဇူလိုင် ၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲနှင့် ပန်းချီပြိုင်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
ပြိုင်ပွဲတွင် ပုဗ္ဗသီရိမြို့နယ်၊ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းမှ အထက်တန်းပြဆရာမ ဒေါ်ဝင်းသန္တာအောင်မှ အာဇာနည်နေ့ဖြစ်ပေါ်လာပုံများအားလည်းကောင်း၊ Grade- 11 ကျောင်းသူလေးများက အာဇာနည်နေ့ သမိုင်းကြောင်းများကိုလည်းကောင်း ဟောပြောဆွေးနွေးခဲ့ပြီး (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အထက်တန်းဆင့်၊ အလယ်တန်းဆင့်၊ မူလတန်းဆင့် ပန်းချီပြိုင်ပွဲ ပြုလုပ်ပေးခဲ့ရာ အထက်တန်းဆင့်တွင် ကျောင်းသား၊ ကျောင်းသူ ၆ ဦး၊ အလယ်တန်းဆင့်တွင် ကျောင်းသား၊ ကျောင်းသူ ၃၅ ဦး၊ မူလတန်းဆင့်တွင် ကျောင်းသား၊ ကျောင်းသူ ၃၄ ဦး၊ စုစုပေါင်း ၇၅ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ အဆိုပါပြိုင်ပွဲတွင် ဆုရရှိသူများအား ပညာရေးစုံညီပွဲတော်တွင် ဆုများ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သန္တာလင်း(ပုဗ္ဗသီရိ)