ပန်ဆိုင်း ဇူလိုင် ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ် )မြို့၌ မြို့အဆင့်ဌာနဆိုင်ရာများနှင့်ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၁၀)နာရီ အချိန်က မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းမြတ်အောင်က မိမိတို့ဒေသအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ အလေးထားလုပ်ဆောင်ရန်၊ မြို့အားသန့်ရှင်းသပ်ရပ် သာယာလှပစေရေးဆောင်ရွက်ရန်နှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအောင်မြင်ရေးအတွက် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများအားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်၊ ယခုအခါသည် မိုးရာသီဖြစ်သောကြောင့် ရေကြီးရေလျှံမှုတို့ကို ဂရုပြုကြရန်ပြောကြားခဲ့သည်။
ယင်းနောက် တက်ရောက်လာသည့် မြို့အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက သက်ဆိုင်ရာဌာန၊ ရပ်ကွက်အလိုက် လုပ်ငန်းဆောင်ရွက်ရန် လျာထားမှု၊ ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းများကို ဆွေးနွေးတင်ပြကြရာ မြို့အုပ်ချုပ်ရေးမှူးက တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပန်ဆိုင်း(ပြန်/ဆက်)