လွိုင်လင်မြို့တွင် လူငယ်နှင့်ဆိုရှယ်မီဒီယာခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့၊ အမှတ်-၃ အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့နံနက် (၉) နာရီအချိန်က လူငယ်နှင့်ဆိုရှယ်မီဒီယာ ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းဝင်းအေးက အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိန်းသန်းဌေးမှ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပေးခဲ့သည်။

ဖြူးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ဆပ်ပြာဆီပြုလုပ်နည်းသင်တန်း ဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် အတတ်ပညာတစ်ခုဖြင့် အသက်မွေးဝမ်းကျောင်းအတွက် အထောက်အကူပြုစေရန် ရည်ရွယ်၍ ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဖြူးမြို့နယ် အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းကာ ဆပ်ပြာဆီပြုလုပ်နည်းသင်တန်းကို ဇူလိုင်လ (၁၅) ရက်နေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား ပထမဆုရ တာချီလိတ်မြို့နယ်အသင်းအား သွားရောက်ကြိုဆိုဂုဏ်ပြု

၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့မှ ဇူလိုင်လ ၁၂ ရက်နေ့ထိ ရှမ်းပြည်နယ်တောင်ကြီးမြို့၌ ကျင်းပပြုလုပ်ခဲ့သည့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား၊  မြို့နယ်ပေါင်းစုံ အသက် ၁၉ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင်

ကယားပြည်နယ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားကျင်းပပြုလုပ်

၂၀၂၃ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း(ချိကယ်)ပရိဝုဏ်အတွင်းကျင်းပရာ ကယားပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊  ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ဒေသကွပ်ကဲရေးမှူး၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ  နှင့်ပြည်သူများ တက်ရောက်ခဲ့ကြသည်။

ကွတ်ခိုင်မြို့နယ် အခြေခံပညာအလယ်တန်းကျောင်းခွဲအမက(၄)ကျောင်းတွင် လူငယ်ရေးရာ အသိ ပညာပေး ဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက လူငယ်ဘက်စုံဖွံ့ဖြိုးရေး အစီအစဉ်အဖြစ် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို အခြေခံပညာအလယ်တန်းကျောင်းခွဲအမက(၄)ကျောင်းတွင် ယမန်နေ့‌ နေ့လည်(၁)နာရီအချိန်က ကျင်းပပြု လုပ်ခဲ့သည်။

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဂုဏ်ထူးရကျောင်းသား/ သူများအား ဆုချီးမြှင့်ခြင်း အခမ်းအနား မြန်အောင်တွင်ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဂုဏ်ထူးရကျောင်းသား/ သူများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီကအ.ထ.က (၁) မြန်အောင် ကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။

ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများ ကျောက်ဖြူမြို့ သန့်ရှင်းသာယာလှပရေး  စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုအား ကြည့်ရှုအားပေး၊ ကျောက်တစ်လုံး၊ မဟာဗောဓိတပ်ဦးကျောင်း၊ ပရိယတ္တိစာသင်တိုက်မှ ဆရာတော်အား ဖူးမြော်ကြည်ညို၍ စားသောက်ဖွယ်ရာများ ဆက်ကပ်လှူဒါန်း

ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများသည် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ နှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ကျောက်ဖြူမြို့ သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှုအား သွားရောက်ကြည့်ရှုအားပေးပြီး ကျောက်တစ်လုံး၊ မဟာဗောဓိတပ်ဦးကျောင်း၊ ပရိယတ္တိ စာသင်တိုက်မှ ဆရာတော်အား ဖူးမြော်ကြည်ညို၍ စားသောက်ဖွယ်ရာများ  ဆက်ကပ်လှူဒါန်းသည်။

တောင်ကုတ်မြို့နယ်၌ စိုက်ပျိုးသီးနှံတိုးတက်ထုတ်လုပ်မှု မြင့်မားရေးအတွက် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်အဖွဲ့မှ ကွင်းဆင်းကြီးကြပ်လျက်ရှိ

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် မြို့နယ်အတွင်း စိုက်ပျိုးသီးနှံ တိုးတက်ထုတ်လုပ်မှု မြင့်မားရေးအတွက် ၂၀၂၃ ခုနှစ်၊ မိုးရာသီတွင် လယ်ယာမြေများ အချိန်မီထွန်ယက်စိုက်ပျိုးနိုင်ရေးနှင့် အထွက်နှုန်းတိုးတက်မြင့်မားရေးအတွက် မြို့နယ်စိုက်ပျိုးရေး ကြီးကြပ်အဖွဲ့မှ တောင်ကုတ်-သံတွဲကားလမ်းတစ်လျှောက်ရှိ တောင်သူများနှင့် တွေ့ဆုံ၍ ကွင်းဆင်းကြီးကြပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရခိုင်ပြည်နယ် ကျောင်းကျန်းမာရေးအရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရေး ပြည်နယ်အဆင့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ရခိုင်ပြည်နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းကျန်းမာရေးအရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရေးပြည်နယ်အဆင့်အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ နယူးဝေါလ်ခန်းမတွင်ကျင်းပရာ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ‌ဒေါက်တာ မြင့်မြင့်သန်း ၊ ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကြည်လွင်၊  စစ်တွေတက္ကသိုလ်ဒုတိယ ပါမောက္ခချုပ်၊ ပြည်နယ်ပညာရေးမှူး၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန(ရုံးချုပ်)မှ ညွှန်ကြားရေးမှူးများနှင့် ဒုတိယ ညွှန်ကြားရေးမှူးများ၊ ရခိုင်ပြည်နယ်ကျောင်း ကျန်းမာရေးကော်မတီဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ် များ၊ မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊  မြို့နယ်ပညာရေးမှူးများ၊ အခြေခံပညာ ကျောင်းအုပ် ကြီးများနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် ပတ်သက်၍တွေ့ဆုံဆွေးနွေးပွဲ တက်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်အတွင်း နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများနှင့် ပတ်သတ်၍  တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့နံနက် ၉ နာရီက ဇမ္ဗူသီရိမြို့နယ် တဲကြီးကုန်းကျေးရွာ၌ ကျင်းပသည်။
Subscribe to