မြန်အောင် ဇူလိုင် ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဂုဏ်ထူးရကျောင်းသား/ သူများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီကအ.ထ.က (၁) မြန်အောင် ကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
ဦးစွာ အ.ထ.က(၁)မြန်အောင် ကျောင်းသား/ သူများက မြန်မာ့ကျောင်း သီချင်း သီဆိုဖွင့်လှစ်ပြီးမြန်အောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်းက အဖွင့်အမှာစကားပြောကြား၍ မြို့နယ်ပညာရေးမှူး ဒေါ်ခင်ထားမြင့်က မြို့နယ်အတွင်း ၂၀၂၃ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်မှုအ ခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြန်အောင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမင်းထွန်း၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး မင်းမင်းစိုး၊ မြန်အောင်/ ရွှေပြည်သာရေနံမြေ အထွေထွေမန်နေဂျာ ဦးညွန့်နိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးတင်ဝင်း၊ မြို့နယ်ပညာရေးမှူး နှင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများက ဂုဏ်ထူးရထူးချွန် ကျောင်းသား/ သူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။ မြန်အောင်ခရိုင်၊ ၊မြန်အောင်မြို့နယ်မှ ၂၀၂၃ခုနှစ်၊တက္ကသိုလ်ဝင်စာမေးပွဲတွင် (၁)ဘာသာ၊(၂)ဘာသာနှင့် (၃)ဘာသာဂုဏ်ထူးရရှိသော ကျောင်းသား/ သူ (၁၇၃)ဦးအား ထူးချွန်ဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဝင်းဗိုလ် (ပြန်/ ဆက်)